မြန်မာနိုင်ငံအတွက် အောက်ဆီဂျင် အသက်ရှူစက်တွေ ဂျပန် လှူဒါန်းမယ်

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြားမှာ ဆေးဘက်ဆိုင်ရာသုံး အောက်ဆီဂျင် အကြီးအကျယ် မလုံမလောက်ဖြစ်နေတဲ့ မြန်မာနိုင်ငံကို အောက်ဆီဂျင် အသက်ရှူစက်တွေ လှူဒါန်းဖို့ ဂျပန်နိုင်ငံက စီစဉ်နေပါတယ်။

မြန်မာနိုင်ငံမှာ ဇွန်လက စပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပြီး တစ်နေ့တာ သေဆုံးမှု အရေအတွက်ဟာ နေ့စဉ်ဆိုသလို စံချိန်သစ် တင်နေပါတယ်။
ဖေဖော်ဝါရီလက စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် ရှုပ်ထွေးမှုတွေ ဆက်ဖြစ်နေတာကြောင့် ဆေးဘက်ဆိုင်ရာသုံး အောက်ဆီဂျင် မလုံလောက်မှု ဆိုးရွားလာခဲ့ပါတယ်။
ဂျပန်အစိုးရဟာ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကုသပေးနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု နေရာတွေကို အောက်ဆီဂျင် အသက်ရှူစက် အများဆုံး အလုံးရေ ၇၀၀ ပေးပို့ဖို့ ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်ခဲ့ပါတယ်။
ဂျပန်အစိုးရဟာ ကုလသမဂ္ဂ အေဂျင်စီတစ်ခုက တစ်ဆင့် အဲဒီ အသက်ရှူစက်တွေကို ဝယ်ယူဖို့နဲ့ မြန်မာနိုင်ငံကို အမြန်ဆုံး ပေးပို့ရေးအတွက် ထောက်ပံ့ကြေး အမေရိကန် ဒေါ်လာ ၉သိန်းလောက် ထုတ်ပေးဖို့ ရှိပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကို အရေးပေါ် လူနာတင်ယာဉ် ၁၄ စီး လှူဒါန်းဖို့လည်း ဂျပန်က စီစဉ်နေပါတယ်။