တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၁,၉၇၉ ဦး အတည်ပြု

ကြာသပတေးနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၁,၉၇၉ ဦးရှိကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။

ဒါဟာ အရင်သီတင်းပတ် ကြာသပတေးနေ့ကထက် ၆၇၁ ဦး တိုးလာတာ ဖြစ်ပါတယ်။
ရောဂါပြင်းထန်သူ အရေအတွက်ဟာ ဗုဒ္ဓဟူးနေ့ကထက် တစ်ဦး တိုးလာပြီး ၆၅ ဦး ရှိတယ်လို့ တိုကျိုမြို့ အရာရှိတွေက ပြောပါတယ်။