ဆူမိုနပန်းသမား Terunofuji ဆူမိုနပန်းမှာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိ

Ozeki ချန်ပီယံအဆင့် ဆူမိုနပန်းသမား Terunofuji ကို ဆူမိုအားကစားရဲ့ အမြင့်ဆုံးအဆင့်ဖြစ်တဲ့ yokozuna အဖြစ်တိုးမြှင့်ခဲ့ပါတယ်။

ဂျပန် ဆူမိုအသင်းဟာ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ အမှုဆောင် ဘုတ်အဖွဲ့ အထူးအစည်းအဝေးမှာ Terunofuji ကို အဆင့်တိုးမြှင့်ပေးဖို့ တရားဝင်ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ အဲဒီသတင်းကို တိုကျိုက သင်တန်းကျောင်းမှာရှိတဲ့ မွန်ဂိုနိုင်ငံဖွား ဆူမိုနပန်းသမား Terunofuji ကို အကြောင်းကြားခဲ့ပါတယ်။
Terunofuji က သူဟာ yokozuna ချန်ပီယံ တစ်ဦးအနေနဲ့ မဆုတ်မနစ် အားထုတ်ကြိုးပမ်းတဲ့ စိတ်ဓာတ်ကို ဆက်လက်ထားရှိဖို့နဲ့ ဂုဏ်သိက္ခာနဲ့ စွမ်းဆောင်နိုင်စွမ်းတွေကို မြှင့်တင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
Terunofuji ဟာ ၂၀၁၇ ခုနှစ်က yokozuna ချန်ပီယံ ဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံဖွား Kisenosato နောက်ပိုင်း ပထမဆုံး yokozuna ဖြစ်လာသူဖြစ်ပြီး ၂၀၁၉ခုနှစ်မှာ စတင်ခဲ့တဲ့ Reiwa ခေတ်ရဲ့ ပထမဆုံး yokozuna အသစ် လည်း ဖြစ်ပါတယ်။