Amazon ကုမ္ပဏီ တည်ထောင်သူ Jeff Bezos ရဲ့ အာကာသခရီး အောင်အောင်မြင်မြင် ပြီးဆုံး

Amazon ကုမ္ပဏီ တည်ထောင်သူ Jeff Bezos ဟာ အာကာသခရီးကို အောင်အောင်မြင်မြင် သွားခဲ့ပြီးနောက် ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

သူ့ရဲ့ အာကာသဆိုင်ရာ ကုမ္ပဏီ Blue Origin က ပိုင်ဆိုင်တဲ့ ဒုံးပျံတစ်ခုနဲ့ သူက အခုခရီးကို သွားခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ Bezos နဲ့ အတူ သူ့ရဲ့ ညီဖြစ်သူ Mark နဲ့ တခြား ၂ ဦးလည်း လိုက်ပါသွားခဲ့တာပါ။
သူတို့ထဲမှာ မီးစ် Wally Funk ဟာ အသက် ၈၂ နှစ် ရှိပြီဖြစ်ပြီး အာကာသထဲကို သွားတဲ့ ခရီးမှာ အသက်အကြီးဆုံး ဖြစ်ပါတယ်။ သူဟာ ၁၉၆၀ ခုနှစ်တွေတုန်းက NASA မှာ လေ့ကျင့်ခဲ့တဲ့ ပိုင်းလော့တစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ သူဟာ အာကာသယာဉ်မှူး ဖြစ်မလာခဲ့ပါဘူး။
Oliver Daemen ကတော့ အသက် ၁၈ နှစ်ဖြစ်ပြီး အာကာသကို သွားခဲ့တဲ့ အသက်အငယ်ဆုံး သူဖြစ်လာပါတယ်။ သူဟာ လေလံပွဲတစ်ခုကနေ ဒီခရီးစဉ်အတွက် လက်မှတ်ကို ရခဲ့ပါတယ်။
ဒီအဖွဲ့ဟာ ခရီးစဉ်အတွင်း ၁၀ မိနစ် ကျော်ကျော်ကြာတဲ့ ဆွဲငင်အားမဲ့ အနေအထားကို ခံစားခဲ့ကြရပါတယ်။ မစ္စတာ Bezos က ဒါဟာ သူကြုံခဲ့သမျှထဲမှာ အကောင်းဆုံးနေ့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။