တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၁,၈၃၂ ဦး အတည်ပြု

တိုကျိုမှာ ဗုဒ္ဓဟူးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၁,၈၃၂ ဦး အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ဇန်နဝါရီလ ၁၆ရက်နောက်ပိုင်း ၁,၈၀၀ ကျော်ခဲ့တာ ပထမဆုံးအကြိမ် ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွေထဲမှာ ကူးစက်ခံရသူ အရေအတွက် အမြင့်မားဆုံး ဖြစ်ပါတယ်။
တစ်နေ့တာ ကူးစက်ခံရသူ အရေအတွက်ဟာ ပြီးခဲ့တဲ့ အပတ် ဗုဒ္ဓဟူးနေ့ကထက် ၆၈၃ ဦး မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ရောဂါပြင်းထန်သူ ၆၄ ဦး ရှိပြီး အင်္ဂါနေ့ကထက် ၄ ဦး တိုးလာခဲ့တယ်လို့ တိုကျိုက အရာရှိတွေက ဆိုပါတယ်။