အမေရိကန်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေရဲ့ အများစုဟာ မျိုးဗီဇပြောင်း Delta အမျိုးအစားကြောင့် ဖြစ်နေ

အမေရိကန်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေရဲ့ အများစုဟာ မျိုးဗီဇပြောင်း Delta အမျိုးအစားကြောင့် ဖြစ်နေပါတယ်။

အဲဒီ ဗိုင်းရပ်စ်အမျိုးအစားကို အိန္ဒိယမှာ ပထမဆုံး တွေ့ရှိခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာတော့ နိုင်ငံပေါင်း ၁၀၀ ကျော်အထိ ပြန့်ပွားနေပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း တစ်နေ့တာ ကူးစက်မှုရဲ့ ပျမ်းမျှအရေအတွက်ဟာ ၂၆,၀၀၀ ကျော် ရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးအရာရှိတွေက သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ သီတင်းပတ်အလိုက်ကြည့်ရင် ဒါဟာ ၇၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာတာကို ပြသနေပါတယ်။
Los Angeles မြို့က အာဏာပိုင်တွေဟာ ကာကွယ်ဆေးထိုးပြီးသူအပါအဝင် မြို့နေပြည်သူတွေကို နှာခေါင်းစည်း တပ်ဆင်ကြဖို့ ပြန်လည် တောင်းဆိုနေပါတယ်။ Nevada ၊ Florida ၊ Mississippi နဲ့ Texas ပြည်နယ်တွေရဲ့ ဧရိယာတချို့က အရာရှိတွေဟာလည်း ဗိုင်းရပ်စ် တားဆီးရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ပြန်လည် ပြဋ္ဌာန်းနေပြီ ဖြစ်ပါတယ်။