တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၁၃၈၇ ဦး အတည်ပြု

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က တိုကျိုမှာ အင်္ဂါနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၁၃၈၇ ဦးရှိကြောင်း အတည်ပြုခဲ့တယ်လို့ ပြောပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကထက် ၅၅၇ ဦး တိုးလာတာ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၆ ရက်နေ့နောက်ပိုင်း အင်္ဂါနေ့တွေမှာ တစ်နေ့တာကူးစက်မှု အရေအတွက် ၁၀၀၀ ကျော်တာ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ရောဂါပြင်းထန်သူအရေအတွက်ဟာ တနင်္လာနေ့အတိုင်း မပြောင်းလဲပဲ ၆၀ ဦး ရှိတယ်လို့ တိုကျိုက အရာရှိတွေက ပြောပါတယ်။