အိုလံပစ်ပြိုင်ပွဲကြည့်ဖို့ virtual ကစားကွင်းတစ်ခုကို ဂျပန် သတင်းချက်အလက် နည်းပညာကုမ္ပဏီတစ်ခု ပြုလုပ်

တိုကျိုအိုလံပစ်အားကစားပွဲတော်ရဲ့ ပွဲစဉ်အများစုကို ပရိသတ်မပါဘဲ ကျင်းပမှာဖြစ်ပေမယ့် အားကစားပွဲတွေကို ဝန်ထမ်းတွေ အတူတကွကြည့်ရှုနိုင်ဖို့အတွက် ဂျပန်သတင်းချက်အလက် နည်းပညာကုမ္ပဏီတစ်ခုက လုပ်ဆောင်လိုက်ပါတယ်။

၀န်ထမ်းတွေ တွေ့ဆုံနိုင်ပြီး ပွဲစဉ်တွေကို နေအိမ်ကနေ ဘေးကင်းစွာကြည့်ရှုနိုင်ကြတဲ့ virtual အားကစားရုံတစ်ခုကို အဲဒီကုမ္ပဏီက ဖန်တီးခဲ့ပါတယ်။ အွန်လိုင်းပေါ်ကနေ ခေါ်ဆိုမှုတွေ ဒါမှမဟုတ် မက်ဆေ့ချ်တွေကနေ တစ်ဆင့် အမြင်တွေကို မျှဝေနိုင်သလို ပြိုင်ပွဲဝင်အားကစားသမားတွေကို လည်း အားပေးနိုင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကုမ္ပဏီရဲ့ ၀န်ထမ်းအားလုံး ၂၀၂၀ ဖေဖော်ဝါရီလကတည်းက အိမ်ကနေ အလုပ်လုပ်လာခဲ့ကြပါတယ်။ ဒီ virtual စနစ်က ဝန်ထမ်းတွေ အတူတကွပေါင်းစည်းဖို့ အထောက်အကူပြုလိမ့်မယ်လို့ ကုမ္ပဏီက မျှော်လင့်ထားပါတယ်။
အဲဒီကုမ္ပဏီဝန်ထမ်းတွေ ပွဲကြည့်တဲ့အချိန် အများဆုံး ၈ နာရီ အထိကို အလုပ်လုပ်ချိန်အဖြစ်တောင် ခွင့်ပြုထားပါတယ်။