ဗိုင်းရပ်စ်ကူးစက်ခံ တောင်အာဖရိကဘောလုံးအသင်းသား တွေနဲ့ ထိတွေ့ဆက်ဆံခဲ့သူ ၂၁ ဦးရှိ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ စစ်ဆေးတွေ့ရှိသူ တောင်အာဖရိကအမျိုးသားဘောလုံးအသင်းသားတွေ ဝန်ထမ်းတွေနဲ့ အနီးကပ်ထိတွေ့ဆက်ဆံခဲ့သူ ၂၁ ဦးထဲက အများစုဟာ ဘောလုံးသမားတွေဖြစ်တယ်လို့ တိုကျိုအိုလံပစ်ပြိုင်ပွဲကျင်းပရေးကော်မတီက ကြေညာလိုက်ပါတယ်။

ဘောလုံးသမား ၂ ယောက်နဲ့ ပံ့ပိုးကူညီမှုဝန်ထမ်း ၁ ဦးတို့ဟာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်ဆိုတာကို အရင်ကတည်းက အတည်ပြုထားခဲ့ပါတယ်။ သူတို့အားလုံးဟာ အားကစားသမားရွာမှာ နေထိုင်နေကြပါတယ်။
တောင်အာဖရိကဘောလုံးအသင်းဟာ ကြာသပတေးနေ့မှာ ဂျပန်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
ကူးစက်ခံခဲ့ရတဲ့သူတွေနဲ့ အနီးကပ်ဆက်ဆံမှုရှိခဲ့သူတွေဟာ ပြိုင်ပွဲမစမီ ၆ နာရီအလိုမှာ ကူးစက်ခံရမှုကနေ ကင်းစင်သွားပြီ၊ အဲဒါအပြင် တခြားလိုအပ်ချက်တွေနဲ့ကိုက်ညီပြီဆိုရင် ဝင်ရောက်ကစားနိုင်ပါတယ်လို့ ကျင်းပရေးကော်မတီက ပြောပါတယ်။
တနင်္လာနေ့အထိ ကူးစက်ခံရတယ်လို့ စစ်ဆေးတွေ့ရှိရသူ ၃ ဦး ရှိတယ်လို့ အဲဒီကော်မတီက ဆိုပါတယ်။ ဇူလိုင် ၁ ရက်နေ့က စပြီး အားကစားသမားတွေနဲ့ ပြိုင်ပွဲနဲ့တခြားဆက်နွယ်သူ စုစုပေါင်း ၅၈ ဦးဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရတယ်ဆိုတာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ အိုလံပစ်ပြိုင်ပွဲကျင်းပရေးကော်မတီ ကပြောပါတယ်။