ကျိုတိုက မီးရှို့မှု ၂ နှစ်ပြည့် ဆုတောင်းပွဲ ကျင်းပ

ဂျပန်အနောက်ပိုင်းက Kyoto Animation ထုတ်လုပ်ရေး ကုမ္ပဏီရဲ့ စတူဒီယိုတစ်ခုမှာ လူတွေသေဆုံးခဲ့ရတဲ့ မီးရှို့တိုက်ခိုက်မှု တနင်္ဂနွေနေ့မှာ ၂ နှစ်ပြည့်ခဲ့ပြီး အောက်မေ့ဖွယ်အခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။

ဒီအခမ်းအနားကို ကျိုတိုမြို့က အဲဒီ စတူဒီယို အရင်က တည်ရှိခဲ့တဲ့နေရာမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ သေဆုံးခဲ့သူတွေရဲ့ မိသားစုတွေဟာ Kyoto Animation ထုတ်လုပ်ရေး ကုမ္ပဏီရဲ့ ဝန်ထမ်းတွေနဲ့ အတူ ဆုတောင်းခဲ့ကြပါတယ်။
ကုမ္ပဏီ ဥက္ကဋ္ဌ Hatta Hideaki က ဒီဖြစ်ရပ်ဟာ အလွန်တရာ ကြေကွဲဝမ်းနည်းစရာ ဖြစ်တယ်လို့ ပြောပါတယ်။
ပြည်တွင်းပြည်ပက ကာတွန်းရုပ်ရှင် ပရိသတ်တွေကို အကြီးအကျယ် ထိတ်လန့်တုန်လှုပ်စေခဲ့တဲ့ အဲဒီတိုက်ခိုက်မှုမှာ ဝန်ထမ်း ၃၆ ဦး သေဆုံးခဲ့ပြီး တခြား ၃၂ ဦး ဒဏ်ရာရခဲ့ပါတယ်။
ဥပဒေ အရာရှိတွေက အသက် ၄၃ နှစ်အရွယ် Aoba Shinji ကို လူသတ်မှု၊ မီးရှို့မှု အပြင် တခြား စွဲချက်တွေနဲ့ တရားစွဲခဲ့ပါတယ်။ ဒါပေမဲ့ အခုအထိ တရားရုံးမှာ အမှုစစ်ဆေးမယ့် အချိန်ကို မသတ်မှတ်ရသေးပါဘူး။