ကိန်းရုပ်ရှင်ပွဲတော်မှာ ဂျပန် ရုပ်ရှင် အကောင်းဆုံး ဇာတ်ညွှန်းဆု ရ

ကိန်းရုပ်ရှင်ပွဲတော်မှာ ဂျပန် ဒါရိုက်တာ Hamaguchi Ryusuke နဲ့ ဇာတ်ညွှန်းရေးသူ Oe Takamasa တို့ဟာ "Drive My Car" ရုပ်ရှင်အတွက် အကောင်းဆုံး ဇာတ်ညွှန်းဆုကို ဆွတ်ခူးခဲ့ကြပါတယ်။

ဒီရုပ်ရှင်ဟာ ပြိုင်ပွဲကဏ္ဍမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ စာရေးဆရာ Murakami Haruki ရဲ့ အဲဒီအမည်နဲ့ ဝတ္ထုတိုကို ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့တာပါ။
ဒီဇာတ်လမ်းက ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် ဇနီးရဲ့ လျှို့ဝှက်ချက်တွေကြောင့် စိတ်ခြောက်ခြားခဲ့ရတဲ့ ပြဇာတ် ဒါရိုက်တာ တစ်ယောက်ရဲ့ အကြောင်းဖြစ်ပါတယ်။ သူဟာ အမျိုးသမီးယာဉ်မောင်းသူတစ်ဦးနဲ့ ကားအတူစီးရင်း တဖြည်းဖြည်းနဲ့ အဲဒီလျှို့ဝှက်ချက်တွေကို ရင်ဆိုင်ဖြေရှင်းနိုင်လာခဲ့ပါတယ်။
ပြင်သစ်နိုင်ငံက ဒီရုပ်ရှင်ပွဲတော်ဟာ စနေနေ့မှာ ပြီးဆုံးသွားခဲ့ပါတယ်။
အကောင်းဆုံး ရုပ်ရှင်ဆုကိုတော့ ပြင်သစ် ဒါရိုက်တာ Julia Ducournau ရဲ့ "Titane" က ဆွတ်ခူးသွားပါတယ်။ သူဟာ ဒီအမြင့်ဆုံးဆုကို ဆွတ်ခူးခဲ့တဲ့ ဒုတိယမြောက် အမျိုးသမီးဖြစ်ပါတယ်။