တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၁,၀၀၈ ဦး အတည်ပြု

တနင်္ဂနွေနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၁,၀၀၈ ဦး ရှိတယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

အိုလံပစ်အားကစားပွဲတွေကို သောကြာနေ့မှာ စတင်ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။
ဒါဟာ ၅ ရက်ဆက်တိုက် ကူးစက်မှု ထောင်ကျော်တာ ဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ် တနင်္ဂနွေနေ့နဲ့ နှိုင်းယှဉ်ရင် ၃၉၄ ဦး တိုးလာတာ ဖြစ်ပါတယ်။
တိုကျိုနဲ့ အလားတူ အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ပြန်ထားတဲ့ ဂျပန်တောင်ပိုင်းက အိုကီနာဝါ ခရိုင်မှာ တစ်နေ့တာ ကူးစက်မှုအသစ် ၇၀ ရှိပါတယ်။ ဒါဟာ အရင်သီတင်းပတ် တနင်္ဂနွေနေ့ကထက် ၄၀ တိုးလာဖြစ်ပြီး သီတင်းပတ်အလိုက်နှိုင်းယှဉ်ရာမှာ တိုးလာတဲ့အနေအထား ၆ ရက်ဆက်တိုက် ရှိလာပါတယ်။