အိုလံပစ်ကျေးရွာမှာ တည်းခိုနေတဲ့ နိုင်ငံခြားသားမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့

အိုလံပစ်ကျေးရွာမှာ တည်းခိုနေထိုင်တဲ့ နိုင်ငံခြားသားတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တယ်လို့ တိုကျို အိုလံပစ်နဲ့ ပါရာလင်းပစ် ကျင်းပရေး ကော်မတီက ပြောလိုက်ပါတယ်။

အားကစားကျေးရွာကို အင်္ဂါနေ့က ဖွင့်လှစ်ခဲ့ပြီးနောက် အဲဒီမှာနေထိုင်နေတဲ့ နိုင်ငံခြားသားတွေထဲက ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုရှိခဲ့တာ ဒါဟာ ပထမဆုံးဖြစ်ပါတယ်။
အဲဒီလူကို သောကြာနေ့က ပိုးရှိမရှိ စမ်းသပ်စစ်ဆေးခဲ့တယ်လို့ ကျင်းပရေးကော်မတီက ဆိုပြီး နောက်ထပ်အသေးစိတ်ကိုတော့ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပါဘူး။
ကူးစက်ခံရသူဟာ အားကစားသမား မဟုတ်ဘူးလို့ သတင်းအရင်းအမြစ်တစ်ခုက ဆိုပါတယ်။
တိုကျိုအိုလံပစ်အားကစားပွဲနဲ့ ပတ်သက်ပြီး ဂျပန်ကို ရောက်ရှိနေတဲ့ နိုင်ငံခြားသား ၇ ဦး ကူးစက်ခံထားရတယ်လို့ စနေနေ့မှာ အတည်ပြုခဲ့ပြီး အိုလံပစ်နဲ့ ဆက်စပ်သူထဲက ကူးစက်ခံရသူ စုစုပေါင်း ၈ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ အဲဒီအထဲက နှစ်ယောက်ဟာ မီဒီယာသမားတွေလို့ သိရပါတယ်။