တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၁၄၁၀ ဦး အတည်ပြု

တိုကျိုမှာ စနေနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၁၄၁၀ ဦး အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

တစ်နေ့တာ ကူးစက်မှု အရေအတွက် ၁,၀၀၀ ကျော်တာ ၄ ရက် ဆက်တိုက် ရှိပြီ ဖြစ်ပါတယ်။
စနေနေ့ရဲ့ ကူးစက်သူဦးရေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကထက် ၄၆၀ ဦး ပိုများလာတာဖြစ်ပါတယ်။
ရောဂါပြင်းထန်သူ ၅၉ ဦး ရှိပြီး သောကြာနေ့ကထက် ၆ ဦး ပိုများလာခဲ့တယ်လို့ တိုကျိုက အရာရှိတွေက ပြောပါတယ်။