တရုတ်နိုင်ငံ သမ္မတ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (APEC) တွင် တုံ့ပြန်ပြောကြား

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ တိုက်ဖျက်ရေး နဲ့ စီးပွားရေးပြန်လည်တိုးတက်လာရေး ဦးစားပေး လုပ်ဆောင်သွားကြဖို့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (APEC) ရဲ့ အဖွဲ့ဝင်တွေကို သမ္မတ ရှီကျင်းဖျင် က တိုက်တွန်းခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

သေကြာနေ့က အွန်လိုင်းကနေ ဗွီဒီယိုနဲ့ အလွတ်သဘော ကျင်းပခဲ့တဲ့ APEC ထိပ်သီးဆွေးနွေးပွဲမှာ မစ္စတာ ရှီ က အဲဒီလို ပြောကြားခဲ့ပါတယ်။
အာရှ-ပစိဖိတ် ဒေသဟာ တစ်ကမ္ဘာလုံး စီးပွားရေးဖွံ့ဖြိုးမှု အတွက် အဓိကကျတဲ့ နေရာမှာ ရှိနေတယ်လို့ တရုတ်သမ္မတ က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အဆင့်မြင့်နည်းပညာဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်းအတွက် ကုန်ကြမ်းကနေ ကုန်ချောထုတ်လုပ်ရာမှာ တရုတ်ကို ချန်ထားပြီး ဆောင်ရွက်နိုင်ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှုကို မနှစ်သက်ကြောင်း ဖော်ပြလိုတဲ့ ပုံပေါ်ပါတယ်။
လွတ်လပ်စွာ ကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုကို တိုးမြှင့်လုပ်ဆောင်ကြဖို့ မစ္စတာ ရှီ က တိုက်တွန်းခဲ့ပါတယ်။ "ကျွန်ုပ်တို့အနေနဲ့ အတားအဆီးတွေကို ဖယ်ရှားရမယ်၊ တံတိုင်းတွေကို တည်ဆောက်ရမှာ မဟုတ်ဘူး" လို့ ဆိုပြီး ပွင့်ပွင့်လင်းလင်း ရှိရမယ်၊ ပိတ်ပင်မှုတွေ မရှိရဘူး၊ ပေါင်းစည်းမှုရှိရမယ့် နည်းလမ်းကို ရှာဖွေရမှာဖြစ်ပြီး ခွဲထွက်ရမှာ မဟုတ်ဘူး" လို့ သူက ဆိုပါတယ်။
တရုတ်နိုင်ငံ က ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သန်း ၅၀၀ ကျော်စာ ပေးပြီးပြီလို့ မစ္စတာ ရှီ က အလေးပေးပြောကြားခဲ့ပါတယ်။ လာမယ့် ၃ နှစ်အတွင်းမှာ အမေရိကန် ဒေါ်လာ ၃ ဘီလီယံ နဲ့ ညီမျှတဲ့ ကူညီထောက်ပံ့မှုတွေ ပေးသွားဖို့ကိုလည်း သူက ကတိပြုခဲ့ပါတယ်။