အမေရိကန် သမ္မတက အင်ဒို-ပစိဖိတ်ဒေသနဲ့ ပတ်သက်ပြီး ထပ်မံကတိကဝတ်ပြု

အမေရိကန် သမ္မတ Joe Biden ဟာ နိုင်ငံပေါင်းစုံ ပါဝင်တဲ့မူဝါဒရဲ့ အရေးပါမှုနဲ့ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ ကတိကဝတ်ကို ထပ်လောင်း အလေးပေးပြောကြားလိုက်ပါတယ်။

အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (APEC) ရဲ့ အွန်လိုင်း ထိပ်သီးဆွေးနွေးပွဲ တစ်ခုကို တက်ရောက်ခဲ့ ပြီးနောက် အိမ်ဖြူတော်က ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။
မစ္စတာ Biden က ဒီဒေသအတွက်တည်တံ့ခိုင်မြဲပြီး၊ မှန်ကန်တဲ့ စံနှုန်းတွေအခြေခံထားတဲ့ ပွင့်လင်းမြင်သာမှုတွေ ရှိအောင် တွန်းအားပေး လုပ်ဆောင်သွားမယ်လို့ အဲဒီ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ဘေးအန္တရာယ်ကင်းပြီး အာနိသင်ထိရောက်တဲ့ ကာကွယ်ဆေး သန်း ၅၀ ကျော်ကို နိုင်ငံပေါင်း ၁၀၀ ကျော်အတွက် လှူဒါန်းထားတယ်လို့ အဲဒီကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေ နဲ့ မသက်ဆိုင်ဘဲ ကာကွယ်ဆေးတွေ ရရှိသင့်တယ်လို့ တရုတ်နိုင်ငံကို မသိမသာ သတိပေးလိုတဲ့ ပုံနဲ့ မစ္စတာ Biden က ပြောကြားလိုပုံ ရပါတယ်။