ကာကွယ်ဆေးတွေ မျှမျှတတ ရရှိရေး အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (APEC) က သဘောတူ

အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (APEC) ရဲ့ ခေါင်းဆောင်ဖြစ်သူက သူတို့အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ မျှမျှတတ ရရှိရေး ပိုမိုလုပ်ဆောင် သွားမယ်လို့ ပြောလိုက်ပါတယ်။

သောကြာနေ့က ပြုလုပ်ခဲ့တဲ့ ကပ်ရောဂါနဲ့ ကမ္ဘာ့ စီးပွားရေး ပြန်လည် နာလန်ထူရေးဆိုင်ရာ အွန်လိုင်းထိပ်သီးဆွေးနွေးပွဲ တစ်ခုမှာ အဲဒီ သဘောတူညီချက်ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ ဂျပန် ဝန်ကြီးချုပ် Suga Yoshihide၊ အမေရိကန် သမ္မတ Joe Biden နဲ့ တရုတ်နိုင်ငံသမ္မတ Xi Jinping တို့ ပါဝင်ခဲ့ကြပါတယ်။
ကြေညာချက်ထဲမှာ ဘေးအန္တရာယ်ကင်းရှင်းပြီး အကျိုးအာနိသင်ထိရောက်တဲ့ ကာကွယ်ဆေးတွေကို ဈေးသက်သက်သာသာနဲ့ မျှမျှတတ ရရှိအောင် တိုးမြှင့်လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ APEC ခေါင်းဆောင်တွေက အလေးထား ပြောကြားသွားပါတယ်။
ကမ္ဘာကြီးအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကနေ ပြန်လည်နလန်ထူလာချိန်မှာ တစ်ကမ္ဘာလုံးက နိုင်ငံပေါင်းစုံ ပါဝင်တဲ့မူဝါဒရဲ့ အရေးပါမှုကို ထပ်မံအတည်ပြုကြဖို့ မစ္စတာ Suga က တိုက်တွန်းခဲ့ပါတယ်။
လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ အကောင်အထည် ဖော်ရေး တိုးမြှင့်လုပ်ဆောင်သွားဖို့ကိုလည်း သူက ကတိပြု ခဲ့ပါတယ်။
လာမယ့် သီတင်းပတ်မှာ စတင်ကျင်းပတော့မယ့် တိုကျိုအိုလံပစ်အားကစားပွဲကို ဘေးကင်းလုံခြုံစွာ ကျင်းပရေးနဲ့ ဒီအားကစားပွဲတော်ကနေ ရရှိမယ့် စွမ်းအားနဲ့ ကလေးတွေရဲ့ အနာဂတ်နဲ့ စိတ်ခွန်အားပေးနိုင်အောင် အားပေးလုပ်ဆောင် သွားမယ်လို့ မစ္စတာ Suga က ကတိပြုခဲ့ပါတယ်။ အိုလံပစ်အားကစားပွဲကျင်းပတာကို နိုင်ငံတော်တော်များများက ထောက်ခံမှုကို ပြသခဲ့ကြတယ်လို့ ဂျပန်အစိုးရ အရာရှိတွေက ဆိုပါတယ်။