လူမျက်နှာပုံ လေပူဖောင်းကြီးတစ်လုံး တိုကျိုမြို့ရဲ့ ဝေဟင်မှာ ပျံဝဲ

အိုလံပစ်အားကစားပွဲတွေမစတင်မီ သီတင်းပတ်တစ်ပတ်အလိုမှာ လူမျက်နှာပုံ လေပူဖောင်းကြီးတစ်လုံးဟာ တိုကျိုမြို့ရဲ့ ကောင်းကင်ယံမှာ ပျံဝဲခဲ့ပါတယ်။

ဂျပန်အနုပညာရှင် ၃ ဦးပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ အိပ်မက်စေတမန်လို့ အဓိပ္ပာယ်ရတဲ့ “Masayume” လို့အမည်ပေးထားတဲ့ လေပူဖောင်းကြီးကို ဖန်တီးခဲ့ပါတယ်။ အဲဒီလေပူဖောင်းကြီးရဲ့ အရွယ်အစားဟာ ၇ထပ်တိုက် အဆောက်အအုံ တစ်ခုလောက် ရှိပါတယ်။
အနုပညာရှင်တွေဟာ လူမျက်နှာပုံအတွက် အွန်လိုင်း နဲ့ တခြား နည်းလမ်းတွေနဲ့ လျှောက်ထားခဲ့တဲ့ လူ ၁,၀၀၀ ကျော်ထဲကနေ မော်ဒယ် ရွေးထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမော်ဒယ်ရဲ့ အသက်၊ ကျားမ နဲ့ နိုင်ငံသားစတာတွေကို ထုတ်ဖော်ပြောကြားခြင်းလ မရှိပါဘူး။
သောကြာနေ့ မနက်စောစောပိုင်းက အဲဒီပူဖောင်းကြီးကို တိုကျို Shibuya အရပ်က ပန်းခြံတစ်ခုဆီ ယူဆောင်လာခဲ့ပြီး လေဖြည့်ကာ တဖြည်းဖြည်း လွှင့်တင်ခဲ့ပါတယ်။ မနက် ၆နာရီလောက်မှာ အဲဒီပူဖောင်းကြီးဟာ ကောင်းကင်ယံမှာ ပျံဝဲနေခဲ့ပါတယ်။
လမ်းသွားလမ်းလာတွေဟာ လူမျက်နှာပုံ လေပူဖောင်းကြီးကို တအံ့တသြ ငေးကြည့်ခဲ့ကြပြီး လူအတော်အများများ က ဓာတ်ပုံတွေ ရိုက်ယူ ခဲ့ကြပါတယ်။
ဂျပန်လို "me" လို့ခေါ်ပြီး မြန်မာလို မျက်လုံးလို့ အဓိပ္ပာယ်ရတဲ့ ခေတ်သစ်အနုပညာရှင်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မီးစ် Kojin Haruka က ဒီအနုပညာလက်ရာဟာ လူသားတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို လှုံ့ဆော် ပေးသွားနိုင်ဖို့နဲ့ ဒါကိုမြင်လိုက်တဲ့သူတွေဟာ ဘာမဆို ဖြစ်နိုင်တယ်ဆိုတာကို ခံစားမိနိုင်စေဖို့ သူမျှော်လင့်ကြောင်းလည်း ပြောပါတယ်၊။