တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၁,၂၇၁ ဦး အတည်ပြု

တိုကျိုမှာ သောကြာနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၁,၂၇၁ ဦး အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

တစ်နေ့တာ ကူးစက်မှု အရေအတွက် ၁,၀၀၀ ကျော်တာ ၃ ရက် ဆက်တိုက် ရှိပြီ ဖြစ်ပါတယ်။
သောကြာနေ့ရဲ့ ကူးစက်မှု အရေအတွက်ဟာ ပြီးခဲ့တဲ့ အပတ် သောကြာနေ့ကထက် ၄၄၉ ဦး ပိုများပြီး ဒါဟာ ကူးစက်မှုတွေ ဆက်တိုက် မြင့်မားလာနေတယ် ဆိုတာကို ပြသနေပါတယ်။
ရောဂါပြင်းထန်သူ ၅၃ ဦး ရှိပြီး ကြာသပတေးနေ့ကထက် ၄ ဦး လျော့နည်းလာခဲ့တယ်လို့ တိုကျိုက အရာရှိတွေက ပြောပါတယ်။