ဧပြီလကနေ ဇွန်လအတွင်း တရုတ်နိုင်ငံရဲ့ GDP ၇.၉ ရာခိုင်နှုန်း တိုးလာ

တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ဧပြီလ ကနေ ဇွန်လအတွင်းမှာ ပြီးခဲ့တဲ့နှစ်က အလားတူကာလကထက် တိုးလာခဲ့ပေမယ့် အရင် သုံးလပတ်ထက် တိုးတက်နှုန်း နှေးကွေးခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ စာရင်းအင်းဌာနက ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ နိုင်ငံ့ GDP ဟာ ၇.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ သုံးလပတ်ကထက် တိုးတက်မှုနှုန်း ‌နှေးကွေးခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရဲ့ ဂယက်ရိုက်မှုကနေ စီးပွားရေး ပြန်နာလန်ထူလာတဲ့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလ ကနေ မတ်လအတွင်း GDP ဟာ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ တစ်ခြားစျေးကွက်တွေကို တင်ပို့မှုတွေ ဆက်လက် မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရ အသုံးစရိတ်တွေ လျှော့ချမှုကြောင့် အခြေခံအဆောက်အအုံ တွေအတွက် ရင်းနှီးမြှုပ်နှံမှု ကျဆင်းခဲ့ပါတယ်။
ကုန်ကြမ်းစျေးနှုန်းတွေ မြင့်တက်နေတာက စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ များလာနေပါတယ်။ အဲဒါကြောင့် ဘဏ်တွေမှာ ထိန်းသိမ်းထားဖို့ လိုအပ်တဲ့ ငွေပမာဏကို လျှော့ချဖို့ တရုတ်ဗဟိုဘဏ်က ပြီးခဲ့တဲ့ အပတ်မှာ ကြေငြာခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ စီးပွားရေးပြန်လည်ကောင်းမွန်လာစေဖို့ လှုံ့ဆော်မှု အစီအမံတွေ အကြီးအကျယ် လုပ်ဆောင်ခဲ့တဲ့အတွက် တစ်ခြားနိုင်ငံတွေထက်စာရင် ကပ်ရောဂါကနေ လျင်မြန်စွာ နာလန်ထူလာနေပါတယ်။
ဒါပေမယ့် ဒီလိုနာလန်ထူမှုအရှိန်ဟာ ဆက်လက် လျော့ကျသွားလိမ့်မယ်လို့ လေ့လာသူတွေက ခန့်မှန်းနေကြပါတယ်။