တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၁,၃၀၈ ဦး အတည်ပြု

ကြာသပတေးနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၁,၃၀၈ ဦး ရှိတယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။

တိုကျိုမှာ ကူးစက်မှု ထောင်ကျော်တာ ၂ ရက် ဆက်တိုက်ရှိပြီ ဖြစ်ပါတယ်။
အရင်သီတင်းပတ် ကြာသပတေးနေ့ကထက် ၄၁၂ ဦး များလာပါတယ်။
အရေးပေါ်အခြေအနေကြေညာချက် ထုတ်ပြန်ထားတဲ့ ဂျပန်တောင်ပိုင်း အိုကီနာဝါ ခရိုင်မှာ ကူးစက်ခံရသူအသစ် ၆၀ ဦး ရှိပါတယ်။ ဒါဟာ အရင်သီတင်းပတ်အလားတူနေ့ထက် ၂၅ ဦး များလာတာ ဖြစ်ပြီး သီတင်းပတ်အလိုက် နှိုင်းယှဉ်ရာမှာ ၃ ရက်ဆက်တိုက် မြင့်တက်နေတာ ဖြစ်ပါတယ်။