နိုင်ငံခြား အိုလံပစ် အားကစားသမားတစ်ဦး ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဂျပန်မှာ စစ်ဆေးတွေ့ရှိ

အိုလံပစ်အတွက် ဂျပန်မှာ ရောက်ရှိနေတဲ့ နိုင်ငံခြား အားကစားသမားတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ တိုကျိုအားကစားပွဲ ကျင်းပရေးကော်မတီက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

အဲဒီ အားကစားသမားဟာ ကူးစက်ခံထားရကြောင်း ဗုဒ္ဓဟူးနေ့မှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်တယ်လို့ အဲဒီကော်မတီက ပြောပါတယ်။ ဒီအားကစားသမားဟာ ၁၄ ရက်ကြာ တစ်ဦးတည်းသီးခြားခွဲနေခဲ့တာဖြစ်ပြီး အားကစားရွာထဲကို မရောက်သေးပါဘူး။ တခြား အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဒီကော်မတီက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
ကျင်းပရေးကော်မတီက စီစဉ်တဲ့ အဆောက်အအုံမှာ နေထိုင်နေတဲ့ ဒါမှမဟုတ် အဲဒီကို ဦးတည်နေတဲ့ နိုင်ငံခြား အားကစားသမားတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပထမဦးဆုံး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။
အရင်က အားကစားပွဲမတိုင်ခင် လေ့ကျင့်ရေးအတွက် လက်ခံတဲ့ မြို့ရွာတွေမှာ စခန်းဝင်ဖို့ ဂျပန်ကိုရောက်ရှိလာချိန်မှာ နိုင်ငံခြား အားကစားအဖွဲ့က အသင်းသားတွေ ကူးစက်မှု စစ်ဆေးတွေ့ရှိခဲ့ဖူးပါတယ်။
ဒါ့အပြင် အင်္ဂါနေ့မှာ နိုင်ငံလက်ရွေးစင် အားကစားသမားမဟုတ်တဲ့ တိုကျိုအားကစားပွဲတွေနဲ့ ပတ်သက်နေသူတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့လည်း ကျင်းပရေးကော်မတီက ကြေညာခဲ့ပါတယ်။ ဒါဟာ ဂျပန်ကို ရောက်ရှိနေတဲ့ အားကစားသမားမဟုတ်သူတွေထဲမှာ ကူးစက်မှု အခုလအတွင်း တတိယမြောက် အတည်ပြုတာ ဖြစ်ပါတယ်။