တောင်အာဖရိက ရပ်ဂဘီ အသင်း ဂျပန်ကို ရောက်ရှိပြီးနောက် တိုကျိုမှာ သီးခြားခွဲနေရ

လေယာဉ်စီးခရီးသည်တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကို တွေ့ရှိခဲ့တဲ့အတွက် အဲဒီလေယာဉ်မှာ လိုက်ပါလာတဲ့ တောင်အာဖရိက ရတ်ဂဘီ လက်ရွေးစင်အသင်းသားတွေဟာ တိုကျိုအိုလံပစ်အတွက် အင်္ဂါနေ့က ဂျပန်ကို ရောက်လာပြီးနောက် သီးခြားခွဲ နေထိုင်နေကြရပါတယ်။

အဲဒီ အသင်းက ကစားသမား ၁၄ ဦးနဲ့ ဝန်ထမ်း ၇ ဦးတို့ဟာ တိုကျိုနားက နာရီတာ လေဆိပ်မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဂျပန် အရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့ လေယာဉ်ပေါ်က ထိုင်ခုံနေရာကို အကြောင်းပြုပြီး သူတို့ ၂၁ ဦးထဲက ၁၈ ဦးဟာ ကူးစက်ခံထားရသူနဲ့ အနီးကပ် ထိတွေ့ခဲ့တဲ့ ဖြစ်နိုင်ခြေရှိတယ်လို့ အရာရှိတွေက ဆိုပါတယ်။
အဲဒီ ၁၈ ဦးဟာ တိုကျိုက သီးခြားခွဲနေဖို့ သတ်မှတ်ထားတဲ့ တည်းခိုစရာနေရာတွေကို ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။
အဲဒီ တောင်အာဖရိက အသင်းဟာ ဂျပန်အနောက်တောင်ပိုင်းက Kagoshima မြို့ကိုသွားပြီး ဗုဒ္ဓဟူးနေ့ကစလို့ ဟိုတယ်တစ်ခုမှာ ၁၀ ရက်ကြာနေထိုင်ရင်း လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ကနဦးက စီစဉ်ထားခဲ့ပါတယ်။
အသင်းသား ၁၈ ဦးဟာ ရောဂါပိုး ကူးစက်ခံရသူနဲ့ အနီးကပ် ထိတွေ့မှု ရှိမရှိ မြို့အရာရှိတွေက ဆုံးဖြတ်ပြီးတဲ့အထိ အဲဒီအသင်းအနေနဲ့ Kagoshima ကို သွားနိုင်မှာ မဟုတ်ပါဘူး။