တိုကျိုအားကစားပွဲတွေအတွက် အမေရိကန်ကိုယ်စားလှယ် အဖွဲ့ကို သမ္မတကတော် ဦးဆောင်မယ်

အမေရိကန်သမ္မတ ကတော် Jill Biden ဟာ လာမယ့် သီတင်းပတ်မှာ ပြုလုပ်မယ့် တိုကျိုအိုလံပစ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။

မီးစ် Biden ဟာ အားကစားပွဲတွေအတွက် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မှာ ဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူ မစ္စတာ ဂျိုး ဘိုင်ဒန် ဇန်နဝါရီလမှာ သမ္မတရာထူးတာဝန် ထမ်းဆောင်ပြီးနောက်ပိုင်း မီးစ် Biden ရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ် ဖြစ်ပါတယ်။ ဒီခရီးစဉ်က ဖြစ်နိုင်ခြေ ရှိ မရှိ စစ်ဆေးဖို့ အိမ်ဖြူတော်ရှေ့ပြေးအဖွဲ့က တိုကျိုကို လာရောက်ခဲ့ပါတယ်။
နိုင်ငံခြားမှာ ပြုလုပ်တဲ့ အိုလံပစ်ပွဲတွေကို သမ္မတတွေ တက်ရောက်ခြင်း မရှိတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ အရင် သမ္မတကတော်တွေဟာလည်း အမေရိကန်ကို ကိုယ်စားပြုခဲ့ကြပါတယ်။
မီးစ် Biden ဟာ အမေရိကန်အစိုးရရဲ့ ကာကွယ်ဆေး ထိုးနှံရေးလှုပ်ရှားမှုကို လှုံ့ဆော်ဖို့ အမေရိကန်တစ်ဝန်း မကြာခဏ ခရီးသွားခဲ့ပါတယ်။