တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၁,၁၄၉ ဦးရှိ

တိုကျိုမှာ ဗုဒ္ဓဟူးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၁,၁၄၉ ဦးရှိတယ်လို့ တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

တိုကျိုမှာ တစ်နေ့တာကူးစက်မှုအရေအတွက် ၁,၁၀၀ ကျော်သွားတာဟာ မေလ ၈ ရက်နေ့က ကူးစက်ခံရသူ ၁,၁၂၁ ဦးရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒါဟာ စတုတ္ထလှိုင်းကူးစက်မှုအတွင်း အများဆုံး အရေအတွက် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် ဗုဒ္ဓဟူးနေ့ကထက် ၂၂၉ ဦးတိုးလာပြီး သီတင်းပတ်လိုက်ကြည့်ရင် ၂၅ ရက်ဆက်တိုက် များလာခဲ့တာ ဖြစ်ပါတယ်။
၇ ရက်တာ ပျမ်းမျှကူးစက်မှုအသစ်အရေအတွက်ဟာ ၈၂၃.၃ ဖြစ်လာခဲ့ပါတယ်။ ဒါဟာ အရင်သီတင်းပတ်ကထက် ၃၀.၃ ရာခိုင်နှုန်း ပိုများလာတာ ဖြစ်ပါတယ်။
တိုကျိုအနီး ခါနာဂါဝါ ခရိုင်မှာ ကူးစက်သူအသစ် ၃၆၁ ဦးရှိပြီး ဂျပန်အနောက်ပိုင်း အိုစာကာ ခရိုင်မှာ ၃၄၉ ဦး၊ တိုကျိုမြောက်ဘက် စိုက်တမ ခရိုင်မှာ ၂၄၃ ဦး၊ တိုကျိုအနီး ချိဘ ခရိုင်မှာ ၂၀၈ ဦးနဲ့ ဂျပန်တောင်ပိုင်း အိုကီနာဝါခရိုင်မှာ ၈၃ ဦး ရှိခဲ့ပါတယ်။
ဂျပန်နိုင်ငံတစ်ဝန်း သေဆုံးသူ စုစုပေါင်းက အပျော်စီးသင်္ဘောပေါ်က သေဆုံးသူ ၁၃ ဦးအပါအဝင် ၁၅,၀၀၀ အထိ ရှိလာပြီ ဖြစ်ပါတယ်။