တိုကျိုအိုလံပစ်မှာ မြန်မာအားကစားသမား ၃ဦး ပါဝင် ယှဉ်ပြိုင်မယ်

ဒီလအနှောင်းပိုင်းမှာ ကျင်းပမယ့် တိုကျိုအိုလံပစ်ကို မြန်မာနိုင်ငံက အားကစားသမား ၃ဦး စေလွှတ်မယ်လို့ နိုင်ငံပိုင် သတင်းဌာနက ကြေညာခဲ့ပါတယ်။

အဲဒီ ၃ဦးက ကြက်တောင်ရိုက်၊ သေနတ်ပစ်နဲ့ ဂျူဒို အားကစားတွေမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ အင်္ဂါနေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။
သူတို့ထဲက အမျိုးသမီး ကြက်တောင်ရိုက် အားကစားမယ် သက်ထားသူဇာ ဟာ မြန်မာနိုင်ငံမှာ အတော်လေးနာမည်ကြီး ပါတယ်။ သူက သူ့ရဲ့ကာလရှည်ကြာ မက်ခဲ့ရတဲ့ အိပ်မက် တကယ်ဖြစ်လာပြီဆိုတာနဲ့ မြန်မာပြည်သူ ကိုယ်စားပြု အနေနဲ့ အကောင်းဆုံး ကြိုးစားမယ်လို့ Facebook မှာ ရေးသားထားပါတယ်။
ဒါပေမဲ့လည်း တချို့ကတော့ အပြစ်တင်ဝေဖန်တဲ့ မှတ်ချက်တွေ ရေးသားခဲ့ပါတယ်။ အခု မြန်မာနိုင်ငံဟာ စစ်တပ် အုပ်ချုပ်မှု အောက်မှာရှိနေတာမို့ မြန်မာပြည်သူတွေ ကိုယ်စားပြုတယ်လို့ ပြောဖို့ မသင့်ဘူး အဲဒီသူတွေထဲက တစ်ဦးက ဆိုထားပါတယ်။
နောက်တစ်ဦးကတော့ စစ်တပ်ဆီက အာဏာပြန်ရရေးကိုသာ လူတွေ အာရုံထားသင့်တယ်လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံက အမျိုးသား ရေကူးအားကစားသမား တစ်ဦးကတော့ သပိတ်မှောက်တဲ့အနေနဲ့ တိုကျိုအိုလံပစ် အားကစားပွဲမှာ ပါဝင်မယှဉ်ပြိုင်ဘူးလို့ ကြေညာခဲ့ပါတယ်။