တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၈၃၀ ဦးရှိ

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က တိုကျိုမှာ အင်္ဂါနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၈၃၀ ဦးရှိကြောင်း အတည်ပြုခဲ့တယ်လို့ ပြောပါတယ်။

ဒီအရေအတွက်ဟာ တစ်နေ့တာကူးစက်မှုမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကထက် ၂၃၇ဦး ပိုများခဲ့ပြီး သီတင်းပတ်အလိုက် နှိုင်းယှဉ်ရင် ၂၄ ရက်ဆက်တိုက် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။