ဂျပန်အနောက်ပိုင်းကနေ မြောက်ပိုင်းအထိ မိုးအကြီးအကျယ် ရွာသွန်းဖွယ်ရှိ

ဂျပန်အနောက်ပိုင်းကနေ မြောက်ပိုင်းအထိဖြစ်တဲ့ ဒေသအများအပြားမှာ ရက်အတော်ကြာ ပုံမှန်မဟုတ်ဘဲ မိုးအကြီးအကျယ် ရွာသွန်းမယ်လို့ ယူဆရပါတယ်။

မိုးလေဝသ အေဂျင်စီက ရွံ့မြေတွေပြိုတာ၊ မြစ်တွေရေလျှံတာနဲ့ မြေနိမ့် ဧရိယာတွေမှာ ရေလွှမ်းတာတွေနဲ့ ပတ်သက်ပြီး သတိထားကြဖို့ နှိုးဆော်နေပါတယ်။
အင်္ဂါနေ့ ည ၈နာရီ ၄၀မိနစ်သတင်းအရ အေဂျင်စီက မိယာဂီနဲ့ ရှီဇူအိုက ခရိုင်တွေရဲ့ တချို့နေရာတွေကို မြေပြိုမယ့် အန္တရာယ်တွေအတွက် သတိပေးချက် ထုတ်ပြန်ထားပါတယ်။
လေဖိအားနည်းတာကြောင့် အဲဒီနေရာတွေပေါ်မှာ မိုးတိမ်တွေ ဖြစ်ထွန်းနေပါတယ်။ ဒါကြောင့် မိုးလေဝသ အရာရှိတွေက ဧရိယာတချို့မှာ ခန့်မှန်းထားတာထက် ပိုပြီး မိုးအကြီးအကျယ် ရွာသွန်းဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။ လျှပ်စီးလက်တာ၊ မိုးကြိုးပစ်တာ၊ လေပြင်းတိုက်တာ၊ လေဆင်နှာမောင်းနဲ့ မိုးသီးကြွေတာတွေ အပြင် ရွံ့မြေပြိုကျတာ၊ မြစ်တွေမှာ ရေလျှံတာနဲ့ ရေလွှမ်းမိုးတာတွေ ဖြစ်လာမယ့် အန္တရာယ်တွေရှိနိုင်တယ်ဆိုပြီး ဒေသတွင်းကလူတွေကို သတိပေးထားပါတယ်။
နေသာနေတယ် ဆိုရင်တောင် ရုတ်တရက်ဆိုသလို ရာသီဥတု ပြောင်းလဲသွားတာမျိုး ရှိနိုင်တယ်လို့ သူတို့က ဆိုပါတယ်။ ရုတ်တရက် လေအေးတိုက်ခတ်မှု ပြင်းလာတာ နဲ့ မိုးသက်မုန်တိုင်း တိမ်တိုက်တွေ ချဉ်းကပ်လာတာမျိုးလို ရာသီဥတု ဆိုးရွားလာမယ့် လက္ခဏာတွေ မြင်တွေ့ရချိန်မှာ ခိုင်ခန့်တဲ့ အဆောက်အအုံတွေထဲ တိမ်းရှောင်နေကြဖို့ သူတို့က တိုက်တွန်းထားပါတယ်။
ပုံမှန်မဟုတ်တဲ့ မိုးလေဝသအခြေအနေဟာ သောကြာနေ့အထိ ဖြစ်ပေါ်ဖွယ်ရှိပါတယ်။ နောက်ဆုံးရ သတင်းအချက်အလက် တွေကို အမြဲစောင့်ကြည့်နေကြဖို့ လူတွေကို အကြံပြုထား ပါတယ်။