Osaka Naomi နဲ့ Ohtani Shohei တို့ ESPY ဆု ရရှိ

တင်းနစ်အကျော်အမော် Osaka Naomi နဲ့ နာမည်ကြီး Major League Baseball (MLB) ကစားသမား Ohtani Shohei တို့ဟာ ပြီးခဲ့တဲ့နှစ်အတွင်း အားကစားနယ်ပယ်မှာ သူတို့ရဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်သတင်းကျော်စောတဲ့ ESPY ဆု ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

အမေရိကန် အားကစား ရုပ်သံလိုင်း ESPN ဟာ အားကစားနယ်ပယ်က တစ်ဦးချင်းလိုက်အောင်မြင်သူတွေ နဲ့ အသင်းအဖွဲ့တွေကို ချီးကျူးဂုဏ်ပြုဖို့ ဒီဆုကို ၁၉၉၃ခုနှစ်က စပြီးချီးမြှင့်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို နှစ်စဉ် ဇူလိုင်လမှာ ကျင်းပခဲ့ပြီး ၂၀၂၀ ခုနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဒီအခမ်းအနားကို ဖျက်သိမ်းခဲ့ရပါတယ်။
ဒီနှစ်အခမ်းအနားကိုတော့ စနေနေ့က နယူးယောက်မြို့မှာ ကျင်းပခဲ့ပါတယ်။
အမျိုးသမီးအားကစားတွေ နဲ့ အမျိုးသမီးတင်းနစ်မှာ အကောင်းဆုံးအားကစားသမားအဖြစ်နဲ့ Osaka ကို ရွေးချယ်ခဲ့ပြီး သူဟာ ဒီဂုဏ်ပြုဆုတွေကိုရရှိတဲ့ ပထမဆုံး ဂျပန်လူမျိုး ဖြစ်လာခဲ့ပါတယ်။
သူဟာ ပြီးခဲ့တဲ့နှစ်က US Open ပွဲနဲ့ အခုနှစ် Australian Open ပွဲတွေမှာ ပထမဆုရရှိခဲ့ပါတယ်။
Los Angeles Angles ဘေ့စ်ဘောအသင်းက Ohtani ဟာလည်း ESPY ရဲ့ အကောင်းဆုံး MLB ကစားသမားဆုကိုရရှိခဲ့တဲ့ ပထမဆုံးဂျပန်လူမျိုး ဖြစ်လာခဲ့ပါတယ်။