Atami မြို့ကဒေသခံတွေ မြေပြိုမှုကြောင့် ပျက်စီးခဲ့တဲ့ သူတို့နေအိမ်တွေဆီ သွားရောက်

ဂျပန်နိုင်ငံအလယ်ပိုင်း Atami မြို့မှာ အခုလအစောပိုင်းက မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တိမ်းရှောင်သူတွေဟာ ပထမဆုံးအကြိမ် သူတို့နေအိမ်တွေဆီ ခဏပြန်ခွင့်ရခဲ့ပါတယ်။

ဇူလိုင်လ ၃ရက်နေ့က Atami မြို့မှာရှိတဲ့ Izusan ရပ်ကွက်က တောင်စောင်း တစ်ခုကနေ အင်အားပြင်းထန်တဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး အဆောက်အအုံ ၁၃၀ လောက် ပျက်စီးခဲ့ရပါတယ်။
လူ၁၀ဦးသေဆုံးခဲ့ကြောင်းအတည်ပြုထားပြီး ၁၇ ဦး ပျောက်ဆုံးနေပါတယ်။
တိမ်းရှောင်သူ ၅၈၀ လောက်ဟာ Atami မြို့က ဟိုတယ်တွေမှာ နေထိုင်နေကြရပါတယ်။ တချို့တွေဟာ ဆေးဝါးတွေနဲ့ တခြားမရှိမဖြစ် လိုအပ်တဲ့ပစ္စည်းတွေကို တစ်ပါတည်း မသယ်ဆောင်နိုင်ခဲ့ကြပါဘူး။
တနင်္လာနေ့က လူ ၁၀ ဦးလောက်ဟာ ဘတ်စ်ကားနဲ့ အဲဒီရပ်ကွက်ကိုရောက်လာခဲ့ပြီး သူတို့လိုအပ်တဲ့ ပစ္စည်းတွေကို ပြန်ယူဖို့ ဝင်ခွင့်တားမြစ်ထားတဲ့ ဧရိယာမှာရှိတဲ့ သူတို့နေအိမ်တွေဆီ သွားခဲ့ကြပါတယ်။
ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ မြို့ အရာရှိတွေဟာ သူတို့တွေနဲ့အတူလိုက်ပါခဲ့ကြပြီး အဲဒီမှာ အချိန် ၂ နာရီလောက်ပဲ နေခွင့်ရခဲ့ကြပါတယ်။