ဂျပန်ကုမ္ပဏီများ ရှင်ကျန်းကချည်ထည် အသုံးပြုမှု ရပ်ဆိုင်းဖွယ်ရှိ

ဂျပန်ကုမ္ပဏီကြီးတွေဟာ တရုတ်နိုင်ငံ ရှင်ကျန်း ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကထွက်တဲ့ ချည်ထည်တွေ အသုံးပြုတာကို ရပ်ဆိုင်းနိုင်ဖွယ်ရှိပါတယ်။

ချည်ထည်တွေကို အဓမ္မစေခိုင်းပြီး ထုတ်လုပ်ထားတယ်ဆိုတဲ့ စွဲချက်တွေထွက်ပေါ်နေတဲ့ကြားမှာ အဲဒီကုမ္ပဏီကြီးတွေက သူတို့ရဲ့ကုန်စည်ဖြန့်ဖြူးမှုကွန်ရက်ကို ပြန်သုံးသပ်နေကြပါတယ်။
အဝတ်အထည်လုပ်ငန်း World ကုမ္ပဏီက ရှင်ကျန်းဒေသက ထွက်တဲ့ ချည်ထည်တွေနဲ့လုပ်ထားတဲ့ပစ္စည်းတွေ ရောင်းချမှုကို ရပ်တန့်ဖို့စဉ်းစားနေပါတယ်။ World ကုမ္ပဏီက ဒီလိုလုပ်ဆောင်တာဟာ လူ့အခွင့်အရေးဆိုင်ရာပြဿနာတွေကို ဖြေရှင်းဖို့အတွက် လိုအပ်တယ်လို့ဆိုပါတယ်။
အားကစားပစ္စည်းကုမ္ပဏီ Mizuno ကလည်း အဲဒီဒေသက ထုတ်တဲ့ချည်ထည်ပစ္စည်းတွေကို ဆက်အသုံးမပြုဖို့ အပါအဝင် သူ့ရဲ့ ကုန်စည်ဖြန့်ဖြူးမှုကွန်ရက်ကို ပြန်သုံးသပ်နေပါတယ်။
ဒါပေမဲ့ Muji အမှတ်တံဆိပ် အိမ်သုံးပစ္စည်းစတိုးဆိုင်တွေကို စီမံခန့်ခွဲသူက ရှင်ကျန်းကထုတ်တဲ့ ချည်ထည်ပစ္စည်းတွေကို ဆက်လက် အသုံးပြုဖို့ စီစဉ်နေပါတယ်။ လတ်တလော စစ်ဆေးမှုတွေအရ အဓမ္မလုပ်အားစေခိုင်းတာတွေ အပါအဝင် ကြီးကြီးမားမား ချိုးဖောက်ထားတာမျိုးမတွေ့ရဘူးလို့ Ryohin Keikaku ကုမ္ပဏီက ပြောပါတယ်။
ရှင်ကျန်းဒေသက ဝီဂါ တိုင်းရင်းသားလူနည်းစုတွေဟာ အဓမ္မလုပ်အားစေခိုင်းခံနေရတယ်လို့ဆိုပြီး ကမ္ဘာတစ်ဝန်းမှာ စွဲချက်တွေ ထွက်ပေါ်နေပါတယ်။ တရုတ်အစိုးရက အဲဒီလို လုပ်ထားတာမရှိဘူးဆိုပြီး ငြင်းဆိုနေပါတယ်။