မိုးကြီးမှုတွေအတွက် ကြိုတင်ပြင်ဆင်ရေး အပိုင်း(၆)

ဒီသတင်းက ဂျပန်မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီရာသီဟာ ဂျပန်မှာ မိုးအကြီးအကျယ် ရွာသွန်းမှုတွေ ဖြစ်တတ်ပါတယ်။ ဒီလို မိုးကြီးမှုတွေကနေ မိမိကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး တင်ဆက်ပေးပါမယ်။

ဒီနေ့တော့ တိမ်းရှောင်မှုတွေပြုလုပ်တဲ့အခါ မော်တော်ယာဉ်ကိုသုံးပြီး တိမ်းရှောင်ဖို့ကလွဲပြီး တခြားနည်းလမ်းမရှိတဲ့အခါ အဲဒါနဲ့ပတ်သက်ပြီး အကြံဉာဏ်တွေထပ်ပြီးတော့ ပေးချင်ပါတယ်။ ရထားလမ်းအောက် ဒါမှမဟုတ် တခြားကားလမ်းအောက်မှာ ရှိတဲ့ လမ်းတွေမှာ မောင်းနှင်ရတော့မယ့်အခါ ပိုပြီးတော့ သတိထားဖို့လိုပါတယ်။ အဲဒီလမ်းကြောင်းတွေဟာ ပတ်ဝန်းကျင်မှာရှိတဲ့နေရာတွေထက် ပိုပြီးတော့နိမ့်တဲ့အတွက် မိုးရွာတဲ့အခါ ရေဟာ အချိန်တိုအတွင်းမှာ ပြည့်လာနိုင်ပါတယ်။ အဲဒီလမ်းတွေပေါ်မှာ ရေပြည့်လျှံနေတယ်ဆိုတာကို မသိနားမလည်ပဲ မောင်းနှင်ဝင်ရောက်လာတဲ့အခါ သေဆုံးရတဲ့ အထိဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် တိမ်းရှောင်ပြီဆိုရင် အဲဒီ ရထားလမ်း ကားလမ်းအောက်ကလမ်းတွေကို ဖြစ်နိုင်သမျှ မသုံးကြပါနဲ့။ အဲဒီလမ်းတွေကို ဖြတ်မောင်းရတော့မယ်ဆိုရင် ရေရှိသလားဆိုတာကို စစ်ဆေးကြည့်ရှုပြီး သတိကြီးကြီးနဲ့ မောင်းနှင်ရပါမယ်။
အခုတင်ပြခဲ့တဲ့ သတင်းအချက်အလက်တွေကို NHK World JAPAN ရဲ့ အင်တာနက်စာမျက်နှာနဲ့ NHK ရဲ့ လူမှုကွန်ရက် မီဒီယာစာမျက်နှာလည်း ဖတ်ရှုနိုင်ပါတယ်။