မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေမြင့်တက်လာ နေချိန်မှာ အောက်စီဂျင်မလုံလောက်မှု ဆိုးဆိုးရွားရွားဖြစ်နေတာကိုပါ ရင်ဆိုင်နေရပါတယ်။

ကျန်းမာရေးဆိုင်ရာအာဏာပိုင်တွေက ကူးစက်မှုအသစ်တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဆက်တိုက်စံချိန်တင်မြင့်တက်လာခဲ့ပြီး သေဆုံးမှုတွေဟာလည်း ဇူလိုင်လ ၆ ရက်နေ့ကစပြီး ဆက်တိုက်မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။ တနင်္ဂနွေနေ့အထိ ကူးစက်ခံရသူ ၁၉၂,၂၁၃ ဦး ၊ သေဆုံးသူ ၃,၈၃၈ ဦး ရှိလာပါပြီ။
တနင်္လာနေ့က နိုင်ငံအနှံ့မှာရှိတဲ့ အောက်စီဂျင်ထုတ်လုပ်စက်ရုံတွေနဲ့ အရောင်းဆိုင်တွေရဲ့ ရှေ့မှာ တန်းစီစောင့်ဆိုင်းနေကြတဲ့သူတွေ အများကြီးပါပဲ။ ဆေးဘက်ဆိုင်ရာစေတနာ့ဝန်ထမ်းအဖွဲ့တစ်ဖွဲ့က ဆေးရုံတွေနဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်ဝန်ထမ်းတွေတောင် အောက်စီဂျင် လုံလုံလောက်လောက်ရရှိဖို့ ခက်ခဲလာနေတယ်လို့ NHK ကို ပြောပါတယ်။