တိုကျိုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၅၀၂ ဦးရှိ

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က တိုကျိုမှာ တနင်္လာနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၅၀၂ ဦးရှိတာကို အတည်ပြုခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒီအရေအတွက်ဟာ တစ်နေ့တာကူးစက်မှုမှာ ပြီးခဲ့တဲ့သီတင်းပတ်ကထက် ၁၆၀ ပိုများခဲ့ပြီး သီတင်းပတ်အလိုက်နှိုင်းယှဉ်ကြည့်ရင် ၂၃ ရက်ဆက်တိုက် မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။