ဖူကုရှီမ ခရိုင်မှာ အိုလံပစ်အားကစားပွဲတွေ ပရိတ်သတ်ကြည့်ရှုခွင့် တားမြစ်

ဖူကုရှီမ ခရိုင်မှာ ကျင်းပမယ့် ဘေ့စ်ဘော နဲ့ ဆော့ဖ်ဘော အားကစားပွဲတွေကို ပရိသတ် ကြည့်ရှုခွင့်ပြုမယ့် ဆုံးဖြတ်ချက်ကို တိုကျို အိုလံပစ်နဲ့ ပါရာလင်းပစ် ကျင်းပရေး ကော်မတီက ကြည့်ရှုခွင့်မပြုဖို့ ပြောင်းလဲ ဆုံးဖြတ်လိုက်ပါတယ်။

ပွဲတွေကို လက်ခံကျင်းပမယ့် အဲဒီ ခရိုင်ရဲ့ တောင်းဆိုမှုကြောင့် အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
ဟော့ကိုင်းဒိုး ခရိုင်မှာ ဘောလုံးပွဲတွေကို အရင်က ပရိသတ် ကြည့်ခွင့်ပြုခဲ့ပြီး နောက်ပိုင်းမှာ ကြည့်ခွင့်မပြုဘူးလို့ ပြင်ဆင် ဆုံးဖြတ်ခဲ့ပြီးနောက် ဒါဟာ အဲဒီ ကော်မတီရဲ့ ဒုတိယအကြိမ်မြောက် ဆုံးဖြတ်ချက်ပြင်ဆင်မှု ဖြစ်ပါတယ်။
ကနဦးမှာ ဒီကော်မတီက တိုကျိုနဲ့ အနီးက ချိဘ၊ စိုင်းတာမနဲ့ ခါနာ့ဂါဝ ခရိုင်တွေမှာ ပရိသတ် ကြည့်ရှုမှု တားမြစ်ဖို့၊ မီယာဂီ၊ ဖူကုရှီမ၊ အီဘာရာကီနဲ့ ရှီဇုအိုက ခရိုင်တွေမှာတော့ ကန့်သတ်ထားတဲ့ ပရိသတ်အရေအတွက်ကို ကြည့်ခွင့်ပြုဖို့ ကြာသပတေးနေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။
သောကြာနေ့မှာတော့ အဲဒီကော်မတီက ဟော့ကိုင်းဒိုးမှာ ကျင်းပမယ့် ဘောလုံးပွဲတွေမှာ ပရိသတ်ကြည့်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ချက်ချင်းဆိုသလိုပဲ အဲဒီ ဆုံးဖြတ်ချက်ကို ပြင်ဆင်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေနဲ့ ဟော့ကိုင်းဒိုးအတွက် ဆုံးဖြတ်ချက် ပြင်ဆင်တာတွေကို ထောက်ပြပြီး ပရိသတ် ကြည့်ခွင့်မပြုဖို့ အဲဒီ ကော်မတီကို ဖူကုရှီမ ခရိုင်ကတောင်းဆိုခဲ့ပါတယ်။