တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၆၁၄ ဦး အတည်ပြု

တနင်္ဂနွေနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၆၁၄ ဦး အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

တစ်နေ့တာ ကူးစက်မှုအရေအတွက်ဟာ အရင်သီတင်းပတ်ကထက် ၉၆ ဦး တိုးလာတာဖြစ်ပြီး သီတင်းပတ်အလိုက် နှိုင်းယှဉ်ရာမှာ တိုးလာနေတာ ၂၂ ရက် ဆက်တိုက်ရှိပြီဖြစ်ပါတယ်။