အင်ဒိုနီးရှား နိုင်ငံရပ်ခြားက ဆေးဘက်ဆိုင်ရာ အကူအညီတွေ ရရှိ

အင်ဒိုနီးရှားနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တစ်ဟုန်ထိုးတက်နေတာကို ကိုင်တွယ်ဖို့ ရုန်းကန်ကြိုးပမ်းနေရတဲ့အတွက် နိုင်ငံရပ်ခြားက ဆေးဘက်ဆိုင်ရာ အကူအညီတွေ ရောက်ရှိနေပါတယ်။

သောကြာနေ့က စင်္ကာပူနိုင်ငံကနေ အသက်ရှုစက် အလုံး၂၀၀၊ အောက်ဆီဂျင်အိုး ၂၅၀လောက်နဲ့ ကူးစက်မှုကာကွယ်ရေး ပစ္စည်းတွေ ရောက်ရှိခဲ့ပါတယ်။ သြစတြေးလျ ကနေ အသက်ရှုစက် အလုံး၁,၀၀၀ လည်းရောက်ဖို့ရှိပါတယ်။
သောကြာနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၃၈,၁၂၄ဦးရှိခဲ့ပြီး သေဆုံးသူ၈၇၁ဦးရှိခဲ့ကြောင်း အင်ဒိုနီးရှား ကျန်းမာရေးအရာရှိတွေက အတည်ပြုခဲ့ပါတယ်။ အိန္ဒိယမှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ Delta အမျိုးအစား မျိုးဗီဇပြောင်း ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ အင်ဒိုနီးရှားမှာ တစ်ဟုန်ထိုး ဖြစ်ပွားနေတာကို တွေ့မြင်နေရပါတယ်။
ကြာသပတေးနေ့အထိ မြို့တော် ဂျာကာတာမှာ ကူးစက်ခံထားရတဲ့ လူနာတွေဟာ ဆေးရုံခုတင်စုစုပေါင်းရဲ့ ၈၅ရာခိုင်နှုန်းမှာ တက်ရောက်ကုသနေရပါတယ်။
ဆေးကုသမှုတွေအတွက် သုံးနိုင်တဲ့ အဆင့်ရှိတဲ့ အောက်ဆီဂျင် နေ့စဉ် သုံးစွဲမှုနှုန်းဟာ ကပ်ရောဂါမဖြစ်ခင်ကနဲ့ နှိုင်းယှဉ်ရင် အဆ၅၀၀ကျော်လောက် တက်လာပါတယ်။