ဖူကုရှီမက ပြုပြင်ထားတဲ့ ရေတွေကို စွန့်ပစ်ဖို့နဲ့ ပတ်သက်ပြီး IAEA စစ်ဆေးမယ်

မတော်တဆမှု ဖြစ်ပွားခဲ့တဲ့ ဖူကုရှီမ အမှတ် (၁) နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံက ပြုပြင်ထားတဲ့ ရေတွေ စွန့်ပစ်ရေး အစီအစဉ်နဲ့ ပတ်သက်ပြီး စစ်ဆေးရေးမူဘောင်တစ်ခု ဖန်တီးဖို့ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) နဲ့ သဘောတူခဲ့တယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။

အဲဒီရေတွေကို သမုဒ္ဒရာထဲ စွန့်ပစ်တာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုက်အဝန်းကို မစိုးရိမ်စေလိုတော့ဘူးလို့ ဂျပန်အစိုးရက ပြောပါတယ်။
အဲဒီ ရေတွေကို သမုဒ္ဒရာထဲ စွန့်ပစ်ဖို့နဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချရမှုနဲ့ ပွင့်လင်းမြင်သာမှုတွေ ရရှိဖို့ သေချာအောင် အဲဒီလို သဘောတူခဲ့တာ ဖြစ်တယ်လို့ ဂျပန်အစိုးရက ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။
အဲဒီမူဘောင်ထဲမှာ ပြုပြင်ထားတဲ့ ရေတွေကို စွန့်ပစ်ဖို့ ဖူကုရှီမ ဓာတ်အားပေးစက်ရုံကို စီမံခန့်ခွဲတဲ့ တိုကျို လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီ (TEPCO) ရဲ့ အစီအစဉ် သုံးသပ်ရေး ဂျပန်ဆိုင်ရာ IAEA ရဲ့ ကိုယ်စားလှယ်အဖွဲ့တွေ ပါဝင်မှာ ဖြစ်ပါတယ်။
IAEA ရဲ့ အဲဒီ ကိုယ်စားလှယ်အဖွဲ့တွေဟာ ပြုပြင်ထားတဲ့ အဲဒီ ရေတွေရဲ့ ဘေးကင်းစိတ်ချရမှုကို စဉ်ဆက်မပြတ် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ စစ်ဆေးချက်ရဲ့ ရလဒ်တွေကို ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။