နိုင်ငံတကာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ဂျပန်ကို ရောက်ရှိ

တိုကျို အိုလံပစ် စတင်ဖို့ သီတင်း ၂ ပတ်ပဲလိုတော့တဲ့ အချိန်မှာ နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌ Thomas Bach ဂျပန်နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။

ကြာသပတေးနေ့မှာ တိုကျိုက Haneda လေဆိပ်ကို မစ္စတာ Bach ရောက်လာခဲ့ပါတယ်။ ဂျပန်ကို မရောက်ခင်မှာ မစ္စတာ Bach ဟာ ဆွစ်ဇာလန်မှာ မိမိဖာသာ သီးခြားခွဲနေခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွေကို ပုံမှန် လုပ်ဆောင်ခဲ့ပါတယ်။
အခုအချိန်မှာ နောက်ဆုံးအဆင့်ကို ရောက်လာပြီဖြစ်တဲ့ အိုလံပစ် အားကစားပွဲအတွက် ပြင်ဆင်ဖို့ ဂျပန်ကို မစ္စတာ Bach ရောက်လာခဲ့ပြီဖြစ်ပါတယ်။
ဇူလိုင်လ ၁၆ ရက်နေ့မှာ မစ္စတာ Bach ဟီရိုရှီးမားကို သွားရောက်ဖို့လည်း စီစဉ်မှုတွေ လုပ်ဆောင်နေပါတယ်။