တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၈၉၆ ဦး အတည်ပြု

ကြာသပတေးနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၈၉၆ ဦး အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
ဒါဟာ လွန်ခဲ့တဲ့ သီတင်းပတ်ကထက် ၂၂၃ ဦး တိုးလာတာဖြစ်ပြီး အရင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ရာမှာ တိုးလာနေတဲ့အနေအထား ၁၉ ရက် ဆက်တိုက်ရှိသွားပြီ ဖြစ်ပါတယ်။