ဂျပန်မှာ ဗိုင်းရပ်စ် တိုက်ဖျက်ရေး ဆောင်ရွက်ချက်နဲ့ ပတ်သက်ပြီး ကြာသပတေးနေ့မှာ ဆုံးဖြတ်ဖွယ် ရှိ

ဂျပန်အစိုးရက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေကို သက်တမ်းတိုးနိုင်ခြေနဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးခဲ့ပါတယ်။

ကျွမ်းကျင်ပညာရှင်တွေရဲ့ သဘောထားကို နားထောင်ပြီးတဲ့နောက် ဂျပန်အစိုးရဟာ အစောဆုံး ကြာသပတေးနေ့မှာ ဆုံးဖြတ်ချက် ချမှတ်ဖို့ စီစဉ်နေပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ဟာ အိုလံပစ်ပြိုင်ပွဲ တက်ရောက်မယ့်သူတွေအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။
တိုကျိုနဲ့ တခြား ခရိုင် ၉ ခုမှာ တင်းကျပ်ထားတဲ့ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု တိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေ ချမှတ်ထားဆဲ ဖြစ်ပါတယ်။ အိုကီနာဝါခရိုင်မှာ အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ပြန်ထားဆဲ ဖြစ်ပါတယ်။ အဲဒီ စီမံချက်တွေကို တနင်္ဂနွေနေ့အထိ ဆက်လက် ထားရှိဖို့ စီစဉ်ထားပါတယ်။