တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၉၂၀ ဦး အတည်ပြု

တိုကျိုမှာ ဗုဒ္ဓဟူးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၉၂၀ ဦး အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ် ဗုဒ္ဓဟူးနေ့ကထက် ၂၀၆ ဦး တိုးလာပြီး သီတင်းပတ်အလိုက် နှိုင်းယှဉ်ရာမှာတော့ ၁၈ ရက် ဆက်တိုက် တိုးလာနေတာ ဖြစ်ပါတယ်။
မေလ ၁၃ ရက်နေ့မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ အသစ် ၁,၀၁၀ ဦး အတည်ပြုခဲ့ပြီးတဲ့နောက်ပိုင်း တစ်နေ့တာ ကူးစက်မှု အရေအတွက် ၉၀၀ ကျော်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။