အရေးပေါ် အခြေအနေ ကြေညာချက် ထပ်မံ ထုတ်ပြန်ဖို့ ဂျပန် အစိုးရ စီစဉ်

ဂျပန်အစိုးရဟာ တိုကျိုမှာ အရေးပေါ်အခြေအနေ ကြေညာချက် စတုတ္ထအကြိမ် ထုတ်ပြန်ဖို့ အစီအစဉ်နဲ့ ပတ်သက်ပြီး အာဏာရပါတီတွေကို အကြောင်းကြားလိုက်ပြီ ဖြစ်ပါတယ်။

ဂျပန်အစိုးရဟာ အိုကီနာဝါမှာ ထုတ်ပြန်ထားတဲ့ အရေးပေါ် အခြေအနေ ကြေညာချက်ကိုလည်း သက်တမ်းတိုးဖို့ စီစဉ်နေပြီး အဲဒီ အရေးပေါ် အခြေအနေ ကြေညာချက်ကို ဩဂုတ်လ ၂၂ ရက်နေ့အထိ ချမှတ်ထားမှာ ဖြစ်တယ်လို့ မျှော်လင့်ရပါတယ်။