Shizuoka တွင်မြေပြိုမှုအန္တရာယ်ပိုမိုကြီးမားဆဲ

စနေနေ့မှာ လူသေမှုတွေဖြစ်ခဲ့တဲ့ မြေပြိုမှုတွေကြောင့် Shizuoka ခရိုင် Atami မြို့အနေနဲ့ ဆက်လက်သတိထားရှိကြဖို့ ဂျပန်မိုးလေဝသအရာရှိတွေက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အဲဒီဧရိယာမှာ အလားတူမြေပြိုမှုဘေးအန္တရာယ်ကျရောက်ဖို့ အလားအလာ အင်မတန်များနေဆဲဖြစ်တယ်လို့ ပြောဆိုပြီး မြေပြိုနိုင်မှုသတိပေးချက်ကို ထုတ်ပြန်ထားပါတယ်။
ဒီအတောအတွင်း ရာသီအလိုက်မိုးရွာသွန်းမယ့်ရပ်ဝန်းကြောင့် အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ဂျပန့်ပင်လယ် ကမ်းရိုးတန်းဒေသ မှာ မိုးအကြီးအကျယ်ရွာဖွယ်ရာရှိပါတယ်။
မိုးလေဝသအေဂျင်စီက ဗုဒ္ဓဟူးနေ့ မွန်းတည့်ချိန်အထိ ၂၄ နာရီအတွင်း Chugoku ဒေသမှာ မိုးရေချိန် ၂၀၀ မီလီမီတာ အထိ ၊ Tokai , Hokuriku နဲ့ Kyushu မြောက်ပိုင်းဒေသတွေ မှာ ၁၂၀ မီလီမီတာအထိ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အန္တရာယ်ပြမြေပုံကို ကြည့်ရှုပြီး ဘယ်လိုအန္တရာယ်မျိုး ရင်ဆိုင်ရနိုင်တယ်၊ ဘယ်နေရာကို ဘယ်လို တိမ်းရှောင်သင့် သလဲဆိုတာတွေကို ကြိုတင်စဉ်းစားထားဖို့ မိုးလေဝသအေဂျင်စီအရာရှိတွေက ပြည်သူတွေကို အကြံပေးထားပါတယ်။