တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၃၄၂ ဦး အတည်ပြု

တနင်္လာနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၃၄၂ ဦး ရှိကြောင်း အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောလိုက်ပါတယ်။

တစ်နေ့တာ ကူးစက်မှုပမာဏဟာ အရင်သီတင်းပတ် တနင်္လာနေ့ကထက် ၂၅ ဦး တိုးလာပြီး သီတင်းပတ်အလိုက် နှိုင်းယှဉ်ရာမှာ ကူးစက်မှုတိုးလာနေတာ ၁၆ ရက် ဆက်တိုက် ရှိပြီဖြစ်ပါတယ်။