LDP-Komeito ညွန့်ပေါင်းပါတီ အမတ်နေရာ အများစုမရရှိခဲ့

ဂျပန်လွှတ်တော်အတွင်း အာဏာရ ညွန့်ပေါင်းပါတီအဖြစ် ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ ၂ခုဟာ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ တိုကျိုမြို့တော်ကောင်စီ ရွေးကောက်ပွဲမှာ အမတ်နေရာ အများစု မရရှိခဲ့ပါဘူး။

လစ်ဘရယ်ဒီမိုကရက်တစ် ပါတီ LDP က အမတ်နေရာ ၁၂၇ နေရာမှာ ၃၃ နေရာရရှိခဲ့ပြီး မြို့တော်ကောင်စီအတွင်း အကြီးဆုံးအင်အားစု ဖြစ်လာပါတယ်။ ဒါဟာ အရင်ရွေးကောက်ပွဲကထက် အမတ်နေရာ ၈နေရာ ထပ်တိုး ရရှိခဲ့တာ ဖြစ်ပါတယ်။
Komeito ပါတီ ကိုယ်စားလှယ်လောင်း ၂၃ ဦးစလုံး ကောင်စီအတွင်းမှာ အမတ်နေရာရရှိခဲ့ပါတယ်။
ဒါပေမဲ့ ဒီပါတီ ၂ခုပေါင်းပြီး စုစုပေါင်း အများစု အမတ်နေရာ ၆၄ နေရာ ရရှိဖို့ ကြိုးပမ်းမှုကတော့ မအောင်မြင်ခဲ့ပါဘူး။
တိုကျို မြို့တော်အုပ်ချုပ်ရေးမှူး Koike Yuriko က TOMIN First ပါတီကို တည်ထောင်ခဲ့ပြီး အဲဒီပါတီရဲ့ အထူးအကြံပေးအဖြစ် တာဝန်ယူထားပါတယ်။
လွန်ခဲ့တဲ့ ၄နှစ်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ TOMIN First ပါတီဟာ ပါတီသစ်တစ်ခု အဖြစ်နဲ့ လူကြိုက်များ ထောက်ခံမှုရရှိ ခဲ့ပြီး အမတ်နေရာအများစု ရရှိခဲ့ပါတယ်။ အခုတစ်ကြိမ် ရွေးကောက်ပွဲမှာတော့ အမတ်နေရာ ၁၄ နေရာ ဆုံးရှုံးခဲ့ပြီး LDP ပါတီထက် အမတ်နေရာ ၂နေရာ လျော့နည်းခဲ့ပါတယ်။