Shizuoka မှာ သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်ခြေ ဆက်လက်မြင့်မားနေ

ဂျပန်နိုင်ငံအလယ်ပိုင်း Shizuoka ခရိုင်မှာ ဒီသတင်းပတ်ကုန်အတွင်း လူသေဆုံးခဲ့ရတဲ့ မြေပြိုမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် သဘာဝဘေးအန္တရာယ်တွေနဲ့ ဆက်လက် ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

အဲဒီ ခရိုင်အတွင်းက Atami မြို့မှာ မြေပြိုတာတွေအတွက် သတိပေးမှုတွေ ဆက်လက်ရှိနေပါတယ်။
ဗုဒ္ဓဟူးနေ့ကစပြီး Shizuoka ခရိုင်နဲ့ ခန်းတိုးဒေသ တောင်ပိုင်း မှာ ဇူလိုင်လတစ်လလုံး ရွာသွန်းတဲ့ ပုံမှန်ပမာဏထက် ပိုတဲ့ မိုးရွာသွန်းမှုတွေ ရှိခဲ့တယ်လို့ ဂျပန် မိုးလေဝသ အရာရှိတွေက ဆိုပါတယ်။
မြေပြိုတာတွေ၊ မြေနိမ့်ဧရိယာတွေမှာ ရေလွှမ်းတာတွေနဲ့ မြစ်ရေကြီး ရေလျှံတာတွေအတွက် အရာရှိတွေက သတိပေးနေပါတယ်။
လျှင်လျှင်မြန်မြန် တိမ်းရှောင်နိုင်ဖို့နဲ့ လိုအပ်တဲ့ စီမံဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေက ထုတ်ပြန်တဲ့ သတင်းအချက် အလက်တွေနဲ့ မိုးလေဝသ ခန့်မှန်းချက်တွေကို စောင့်ကြည့် ကြဖို့ အကြံပြုထားပါတယ်။