အိုလံပစ် ပြိုင်ပွဲဝင်မယ့် ဆာဗီးယား လှေလှော်အားကစားသမား COVID ပိုး စစ်ဆေးတွေ့ရှိ

တိုကျိုက ဟာနဲဒ လေဆိပ်ကို ဆိုက်ရောက်ခဲ့တဲ့နောက် ဆာဗီးယား အိုလံပစ် လှေလှော်အသင်းက အားကစားသမားတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့လက ဂျပန်မှာ ယူဂန်ဒါနိုင်ငံက အသင်းသား ၂ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စစ်ဆေးတွေ့ရှိခဲ့တဲ့နောက် နိုင်ငံခြား အားကစားအသင်းတွေမှာ ဒုတိယမြောက် အတည်ပြုမှု ဖြစ်ပါတယ်။
အဲဒီ အသက် ၃၀ တန်း လှေလှော်သမားဟာ စနေနေ့က လေဆိပ် ရောဂါပိုးစစ်ဆေးရေးဌာနမှာ အဲဒီလို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ အသင်းဖော် ၄ ဦးကို အနီးကပ် ထိတွေ့သူတွေအဖြစ် သတ်မှတ်လိုက်ပါတယ်။ အသင်းဝင်အားလုံးကို သီတင်း ၂ ပတ်ကြာ သီးခြားခွဲထားလိုက် ပါတယ်။
ဂျပန်ပင်လယ် ကမ်းခြေက တိုယာမ ခရိုင်၊ Nanto မြို့ဟာ ဇူလိုင်လ ၁၈ ရက်နေ့အထိ အဲဒီ ဆာဗီးယားအသင်းကို အားကစားပွဲမစခင် လေ့ကျင့်မှုတွေအတွက် အိမ်ရှင်အဖြစ် လက်ခံဖို့ ရှိခဲ့ပေမယ့် အခုအခါ အစီအစဉ်ကို ဖျက်သိမ်းဖို့ စီစဉ်နေပါတယ်။