တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅၁၈ ဦး အတည်ပြု

တနင်္ဂနွေနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅၁၈ ဦး ရှိကြောင်း အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ပြောလိုက်ပါတယ်။

တစ်နေ့တာ ကူးစက်မှုပမာဏဟာ အရင်သီတင်းပတ်ကထက် ၁၃၂ ဦး တိုးလာပြီး သီတင်းပတ်အလိုက် နှိုင်းယှဉ်ရာမှာ တိုးလာနေတဲ့ အနေအထား ၁၅ ရက် ဆက်တိုက် ရှိပြီဖြစ်ပါတယ်။
အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ လည်း တိုကျိုမြို့အရာရှိတွေက ဆိုပါတယ်။ ဒါကြောင့် တိုကျိုမှာ သေဆုံးသူ စုစုပေါင်း ၂,၂၃၉ ဦး ရှိသွားပြီ ဖြစ်ပါတယ်။