ဂျပန်က မြေပြိုမှုအတွက် အကူအညီ ထိုင်ဝမ် သမ္မတ ကမ်းလှမ်း

တိုကျိုမြို့နားမှာ စနေနေ့က လူတွေ သေဆုံးခဲ့ရတဲ့ မြေပြိုမှု ဖြစ်ပွားခဲ့ပြီးနောက် ထိုင်ဝမ် သမ္မတ Tsai Ing-wen က ဂျပန်အတွက် အကူအညီတွေကို ကမ်းလှမ်းခဲ့ပါတယ်။

သူက Twitter မှာ ဂျပန်ဘာသာနဲ့ သတင်းစကားကို စနေနေ့မှာ ရေးသားခဲ့ပါတယ်။
အဲဒီထဲမှာ " ထိခိုက်ပျက်စီးမှု ခံစားခဲ့ရသူတွေအတွက် ဝမ်းနည်းကြောင်း ပြောလိုပါတယ်။ ဂျပန်အတွက် လိုအပ်တဲ့ အထောက်အပံ့တွေကို ပေးဖို့ အချိန်မရွေး အသင့်ရှိနေပါတယ်" လို့ ဆိုထားပါတယ်။
ဂျပန်မှာရှိတဲ့ နိုင်ငံခြား သံတမန်တွေကလည်း သတင်းစကားတွေ ပေးပို့ခဲ့ကြပါတယ်။
ဩစတြေးလျ သံအမတ် Jan Adams က " မြေပြိုမှုအကြောင်း ကြားရတာ အလွန်တရာ ဝမ်းနည်းပါတယ်။ ဘေးသင့်ခဲ့သူတွေအတွက် ကျွန်တော် ဝမ်းနည်းကြေကွဲရပါတယ်။ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်" လို့ Twitter မှာ ရေးသားခဲ့ပါတယ်။